ကားဘရိတ်ပေါက်ပြီး လူနေအိမ် တစ်လုံးပြိုကျမှု ဟားခါး၌ ဖြစ်ပွား

ဟားခါး ၂၄  ဇန်နဝါရီ

 

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ပြည်နယ်သာသနာရုံးအောက်တွင် ဇန်နဝါရီ ၂၃ ရက် နေ့လယ် ၁၁ နာရီ မိနစ် ၅၀ က Canter အမျိုးအစား(အဖြူရောင်)ယာဉ်သည် ကားဘရိတ်ပေါက်ပြီး လူနေအိမ်(၁)လုံးအား တိုက်မိ၍ပြိုကျကြောင်း သိရသည်။

 

8520

 

ဖြစ်စဉ်ကြောင့် ဟားခါးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သူနာတင်ယာဉ်(၁)စီး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် အိမ်တွင်းရှိ မ(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ဟားခါးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြိုကျပျက်စီးသွားသည့် နေအိမ်မှ မိသားစုဝင်များနှင့် အိမ်သုံးပစ္စည်းများအား နီးစပ်ရာဆွေမျိုးများအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဉီးစီးဌာနမှ သိရသည်။

 

8520

 

MDN

Photo Credit- Myanmar Fire Service