ကျောက်ကြီးချောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ကျောက်ကြီး ၁၂ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျောက်ကြီးချောင်းအတွင်း ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ချောင်းအတွင်း လူတစ်ဦးရေနစ်သေဆုံးကြောင်း သတင်းအရ ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းစိုးဦးနှင့်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကပ်ကျေးဆိပ်ကျေးရွာနှင့် တုံးကြီးကျေးရွာ အကြားရှိ ကျောက်ကြီးချောင်း(အကျယ် ပေ ၂ဝ ခန့်၊ အနက် ၁၅ ပေ ခန့်)ရှိ ကပ်ကျေးဆိပ်ရွာဘက်ခြမ်း ကမ်းစပ်တွင် ရေနစ်သေဆုံးသူအား ဆယ်ယူထားသည်ကို တွေ့ရှိရပြီး သေဆုံးသူမှာ စောဂေမူး (၄၅)နှစ် ဖြစ်ကြောင်း သိရှိရ၍ ၎င်းမှာ အခြား ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသည့် လက္ခဏာဖြင့် စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂/၂၀၂၀) ရေးဖွင့်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)