ကျောက်ပန်းတောင်း-ရေနံချောင်းလမ်း  ကန်ကြိုးဇရပ်အနီး ရေနံချက်ဖိုတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

ကျောက်ပန်းတောင်း  ၂၃   ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နှင့် ၃ မိုင်ခန့်အကွာ ဆင်တိုင်းကန် ကျေးရွာအုပ်စုရှိ ကျောက်ပန်းတာင်း-ရေနံချောင်းလမ်း  ကန်ကြိုးဇရပ်အနီး တွင် ရေနံချက်ဖိုတစ်ခု မှ  ဇန်နဝါရီ ၂၃ ရက်နေ့  နံနက် ၉ နာရီ ၃၅ မိနစ်က မီးလောင်ကျွမ်းမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

963.

 

ဖြစ်စဉ်မှာ ဆင်တိုင်းကန်ကျေးရွာအုပ်စုအတွင်း ကျောက်ပန်းတောင်း-ရေနံချောင်းလမ်းဘေး ကန်ကြိုးဇရပ်အနီးရှိ  ဦးပေါက်၏ မြေစိုက် ရေနံချက်ဖို အဆောက်အဦအတွင်း မီးသွေးပုံရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် ရေနံချက်ဖိုသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ၊ အဆိုပါ အဆောက်အဦ (၁)လုံး နှင့် ရေနံချေးပေပါ (၂၂) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ သတင်းရ လျှင်ရခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဌေး ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်(၂၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် အတူ  မီးငြှိမ်းသတ်ယာဉ် (၆) စီး၊ မီးသတ်စက်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၂) စီး၊ လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် (၁)စီး တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၅၀ တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၉ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆစွာ အသုံးပြုခဲ့သူ ဦးပေါက်အား မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)