ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

mdn

နေပြည်တော် ၂၂ နိုဝင်ဘာ

 

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)နှင့်အညီ ပညာရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ် မှစ၍ ပညာရေးဝန်ကြီးဌာနတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန အသစ်ကို တိုးချဲ့ဖွဲ့စည်းတည်ထောင်ပေးခဲ့ပြီး ကျောင်းပြင်ပမူလတန်း ပညာရေးနှင့်ကျောင်းပြင်ပအလယ်တန်း ပညာရေး၊ လူငယ်များနှင့်သက်ကြီးစာမတတ်သူများအတွက် စာတတ်မြောက်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း။

 

ယခုမိတ်ဆက်တင်ပြသော ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်း ဘောင်အား ၂၀၁၆ ခုနှစ် ဇူလိုင် (၆)ရက်၌ နေပြည်တော်တွင် ကျင်းပခဲ့သောကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဖိုရမ်မှစတင်၍ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ ပြင်ဆင်ချက်များနှင့်ဖြည့်စွက်ချက်များကို လုပ်ငန်းညှိနှိုင်းဆွေးနွေး ပွဲများနှင့် အစည်းအဝေးများ အကြိမ်ကြိမ်ဆောင်ရွက်ကာ ညှိနှိ်ုင်းရေးဆွဲပြုစုခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်း အညွှန်းဘောင်ပြုစုရေးဆွဲမိတ်ဆက်နိုင်ရေးပူးပေါင်းကူညီပံ့ပိုးပေးခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့်အဖွဲ့ဝင်များ၊ အရည်အသွေးရှိအခြေခံပညာရေး မြှင့်တင်မှုအစီအစဉ်မှတဆင့် ထောက်ပံ့ ကူညီပေးကြသည့်ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ ယူနီဆက် (မြန်မာ)နှင့်မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ လုပ်ငန်းအညွှန်းဘောင် ပြုစုရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr.Pauls Edwards က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

 

ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ အညွှန်းဘောင်နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr. Pauls Edwards က အညွှန်းဘောင်စာအုပ်များ ပေးအပ်ရာ ဒုတိယဝန်ကြီးက လက်ခံရယူသည်။

 

ထို့နောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဆိုင်ရာကဏ္ဍ အလိုက်လုပ်ငန်းအဖွဲ့ ဒသမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီး ဌာန ရုံးအမှတ် (၅၂) ၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)