ကော့သောင်းနှင့် ဒေါပုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ ဇန်နဝါရီ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၁  ရက် နံနက် ၇ နာရီတွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ လုံးဖောကျေးရွာနေ ကျော်မင်းသူ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၊ အိုက်စ် သုည ဒသမ ၀၀၅ ကီလို၊ လုပ်သေနတ်အတို ၁ လက်နှင့် ၁၂ ဗို့ကျည် ၁ တောင့်တို့ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် လုံးဖောကျေးရွာနေ မအေးယု၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၅ ပြား၊ အိုက်စ် ၁ ဒသမ ၇၁ ကီလိုတို့ကိုလည်းကောင်း။

အလားတူ ဇန်နဝါရီ ၂၀ ရက်မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာ လမ်းမကြီး၊ Orange Center အနီးတွင် ရဲလင်းထက်(ခ)ကိုရဲ မောင်းနှင်လာသော TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၊ အိုက်စ် သုည ဒသမ ၀၇ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ဆက်လက်၍ ၎င်းနေထိုင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၃)ရပ်ကွက်၊ နဝရတ်လမ်း၊ အိမ်အမှတ်(မ-၁၈၅)အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၅၀၊ အိုက်စ် သုည ဒသမ ဝ၁ ကီလိုနှင့် ဆေးခြောက် သုည ဒသမ ၁၅ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

MDN
Source: ရဲပြန်ကြား