ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဂျွန်နီဒပ်

၁၉  နိုဝင်ဘာ

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့မင်းသားကြီးတစ်ဦးဖြစ်သူ ဂျွန်နီဒပ်ဟာ လတ်တလောမှာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ ဂျွန်နီဒပ်ဟာ သူနောက်ဆုံးလက်တွဲခဲ့တဲ့ ချစ်သူပိုလီနာဂလန်းနဲ့ လမ်းခွဲခဲ့ကာ ပိုလီနာဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ရုရှားကို ပြန်သွားခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ။

အသက် ၂၄ နှစ် အရွယ်သာရှိသေးတဲ့ ပိုလီနာဂလန်းဟာ ရုရှားလူမျိုးတစ်ဦးဖြစ်ပြီး အကပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူနဲ့ ဂျွန်နီဒပ်တို့ဟာ ယခုနှစ်အစပိုင်းမှာ စတင်လက်တွဲခဲ့ကြတာဖြစ်ပြီး နှစ်ကုန်ခါနီးမှာ လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။ ဒီလိုလမ်းခွဲလိုက်ရတဲ့အကြောင်းက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကြောင့် ပိုလီနာဂလန်းအနေနဲ့ အများရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရတာကြောင့်ဖြစ်ပြီး ဒီလိုအများရဲ့ အာရုံစိုက်ခြင်းကို ခံရတာဟာ သူ့အတွက်တော့ အတော်လေးကြောက်စရာကောင်းကြောင်း ပိုလီနာဂလန်းက သိမြင်လာခဲ့တာကြောင့် ဖြစ်တယ်လို့လည်း သိရပါ တယ်။

ဂျွန်နီဒပ်ဟာ လတ်တလောမှာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ကာ အမ်ဘာဟာ့ဒ်နဲ့ လော်ရီအန်းအယ်လစ်ဆင်တို့နဲ့ လက်ထပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လော်ရီအန်းအယ်လစ်ဆင်ရဲ့ ရင်သွေးနှစ်ဦးရရှိထားပြီး အမ်ဘာဟာ့ဒ်နဲ့ကတော့ လတ်တလောမှာ အပြန်အလှန် တရားစွဲဆိုထားကြကာ တရားရင်ဆိုင်မှုတွေ ရှိနေပါတယ်။

အေးပြည့်