ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်လာတဲ့ ဒရိတ်ခ်နဲ့ ခိုင်လီဂျန်နာ

၇  နိုဝင်ဘာ

ကျော်ကြားတဲ့ အနုပညာကြယ်ပွင့်တွေဖြစ်ကြတဲ့ တေးသံရှင် ဒရိတ်ခ်နဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သူ ခိုင်လီဂျန်နာတို့ကို လတ်တလောမှာ အတူကွဲကာ တွေ့ခဲ့ရပြန်ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေကိုလည်း မီဒီယာတွေက ရေးသားဖော်ပြမှုတွေ ရှိနေခဲ့တယ်လို့ မစ်ရာဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေကို သိရပါတယ်။ ။

ခိုင်လီဂျန်နာဟာ ထရားဗစ်စကော့ထ်နဲ့ ဇာတ်လမ်းတွေ အဆုံးသတ်ခဲ့ပြီးနောက်မှာ ရက်ပ်တေးသံရှင် ဒရိတ်ခ်နဲ့ တွဲခဲ့ပါတယ်။ သူတို့နှစ်ဦး အတူတွဲကာ တွေ့ခဲ့ရတာကြောင့် ချစ်သူတွေဖြစ်နေကြောင်း ကောလာဟလတွေ ပေါ်ထွက်ခဲ့ရပြီး လတ်တလောမှာပြုလုပ်ခဲ့တဲ့ ဒရိတ်ခ်ရဲ့ မွေးနေ့ပါတီကိုလည်း ကန်ဒဲလ်ဂျန်နာတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ။

အချို့သော သတင်းရင်းမြစ်တွေက သူတို့နှစ်ဦးဟာ မိတ်ဆွေတွေသာဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် အချို့ကတော့ သူတို့နှစ်ဦးအကြားမှာ ထူးခြားတဲ့ဆက်ဆံရေးမျိုးရှိနေကာ အသေအချာပင်ဖြစ်ကြောင်းနဲ့ နှစ်ဦးသား ပုံမှန်တွေ့ဆုံမှုတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ခိုင်လီဂျန်နာဟာ ထရားဗစ်စကော့ထ်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တစ်လခန့်အကြာမှာ ဒရိတ်ခ်နဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်