ချမ်းအေးသာဇံမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

မန္တလေး  ၃၀ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၇၉ လမ်းနှင့် ၂၉ လမ်းထောင့်တွင် အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီ မိနစ် ၅၀ က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိ၍ Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြိှမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၇ မိနစ်တွင် မီးထိန်းနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မီးလောင်မှုမှာ နံနက် ၃ နာရီ ၁၅ မိနစ်တွင်   မီးငြိမ်းသွားကြောင်း သိရသည်။

MDN

Photo-Myanmar Fire Services Department