ခမောက်ကြီးမြို့ (၄၅)မိုင်တွင် တရားမဝင် လက်လုပ် တူမီးသေနတ်ကိုင်ဆောင်သူအား အရေးယူ

ခမောက်ကြီး  ၂၃   ဇန်နဝါရီ

 

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊(၄၅)မိုင်-လုံးဖောကျေးရွာ သွား   ကားလမ်းမဘေး (၉) မိုင်ဇုန်  ၌ ဇန်နဝါရီ ၂၂ ရက်  ည ၇ နာရီခွဲ အချိန်တွင် တရားမဝင် လက်လုပ်တူမီးသေနတ် ကိုင်ဆောင်သူအား  ဖမ်းမိကြောင်း ခမောက်ကြီးနယ်မြေရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ခမောက်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဇေယျာဦးစီးသည့် အဖွဲ့သည် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ လိုက်ပါလျှက်နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ်(၄၅)မိုင်-လုံးဖော ကျေးရွာသွား   ကားလမ်းမဘေး (၉)မိုင်ဇုန်အရောက်တွင်  အောင်ဘိုဘို (၂၇)နှစ်သည် လက်လုပ်တူမီး သေနတ်အား ကိုင်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် အောင်ဘိုဘိုအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

 

ခွင့်ပြုချက်မရှိဘဲ လူ့အသက်ကို ဘေးဖြစ်စေနိုင်သော တရားမဝင် တူမီးလက်လုပ် သေနတ်အား လက်ဝယ်ထားရှိ ကိုင်ဆောင်သွားလာသူ အောင်ဘိုဘိုအား  ခမောက်ကြီးနယ်မြေရဲစခန်းမှ လက်နက် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)