ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဖလမ်း ၄  ဧပြီ

 

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

5527


          
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့နယ် မြို့နယ်ခန်းမဆောင်အသစ် ဆောက်လုပ်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူများက အဆောက်အဦ ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ RCC (၄) ခန်းတွဲ (၂) ထပ် ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဂျွန်(ပြန်/ ဆက်)