ချင်းရိုးရာပစ္စည်းများနှင့် သမိုင်းမော်ကွန်းဝင်ဓာတ်ပုံများကို ဟားခါးမြို့ချင်းရိုးရာအိမ်၌ ပြသထား

ဟားခါး ၄  ဇူလိုင်

ချင်းပြည်နယ် ဟားခါးမြို့ စျေးသစ် ရပ်ကွက် တောင်ဇလပ်လမ်းတွင် နေထိုင်လျက်ရှိသော ဦးသန်ကီးသည် ၎င်း၏အိမ်တွင် နှစ်ပေါင်း ၃၀ ကြာ စုဆောင်းထားရှိသည့် ချင်းရိုးရာရှားပါး အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်း မော်ကွန်းဝင်ဓာတ်ပုံများကို အများ ပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စုဆောင်းပြသထားရှိသည်။

နှစ် ၁၀၀ သက်တမ်းရှိသည့် ချင်း ရိုးရာ ပစ္စည်းများ၊ သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများ၊ ခေတ်အဆက်ဆက်ရိုးရာ အမွေအနှစ်များ၊ ရှားပါးတိရစ္ဆာန်များ ၏ ဦးချိုများနှင့် ချင်းရိုးရာတူရိယာများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသည်။ နောင်လာ နောက်သားများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ချင်းရိုးရာအသုံးအဆောင် ပစ္စည်းအမျိုးပေါင်း ၁၀၀ ကျော်ကို ခင်းကျင်းပြသထားပြီး ဆက်လက် ၍ ချင်းရိုးရာအမွေအနှစ်များကို စုဆောင်းထိန်းသိမ်းသွားမည် ဖြစ် ကြောင်း ချင်းရိုးရာအိမ် ပြတိုက် ပိုင်ရှင် ဦးသန်ကီးက ပြောကြား သည်။

ယခုအခါ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ရိုးရာယဉ်ကျေးမှု ပြတိုက်ကို ခေတ္တယာယီပိတ်ထားပြီး ကိုဗစ် - ၁၉ ရောဂါပြီးဆုံးချိန်တွင် ဒေသခံပြည်သူများ၊ ခရီးသွား ဧည့်သည်များ လာရောက်လေ့လာနိုင် ကြောင်းနှင့် ၎င်း၏ ရိုးရာယဉ်ကျေးမှု ပြတိုက်နေအိမ်သည် အလျား ၅၅ ပေ၊ အနံပေ ၂၀ နှစ်ထပ်နေအိမ် အဆောက် အအုံဖြစ်ကာ ချင်းတိုင်းရင်းသားများ၏ ရိုးရာနေအိမ်အတိုင်း ဆောက်လုပ် ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)