ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများအတွက် ကမ္ဘောဇဘဏ် အလှူငွေကျပ် ၅၀၀ သိန်း လှူဒါန်း

ရန်ကုန် ၂၇ စက်တင်ဘာ

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ယနေ့ဖြစ်ပွားနေချိန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများအတွက် အ​ထွေထွေအသုံးပြုနိုင်ရန် We Love Yangon ပရဟိတအဖွဲ့ထံသို့ ငွေကျပ်(၅၀၀)သိန်း ပေးအပ်လှူဒါန်းသည်။

လှုဒါန်းပွဲကို စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ စည်ပင်ဓမ္မာရုံတွင် ကျင်းပရာ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများက အလှူငွေကျပ် ၅၀၀ သိန်းကို We Love Yangon ပရဟိတအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ကမ္ဘောဇဘဏ်၏ လှူဒါန်းငွေမှ ကျပ် ၃၀၀ သိန်းကို  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သည်များ ပံပိုးပေးနိုင်ရန်အတွက် လည်းကောင်း၊ ငွေကျပ်သိန်း ၂၀၀ ကို Quarantine Center များရှိ စောင့်ကြည့်လူနာများအတွက် အထွေထွေအသုံးပြုနိုင်ရန်အတွက် လည်းကောင်း We Love Yangon ပရဟိတအဖွဲ့မှတစ်ဆင့် ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဖေဖေါ်ဝါရီ ၂၆ ရက်မှ စတင်ကာ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၆,၆၀၆၆ သိန်း လှူဒါန်းထားရှိပြီး ဖြစ်သည်။

ကိုကျော်