ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ငါးထပ်ကြီးဘုရားနှင့် ခြောက်ထပ်ကြီးဘုရား ယာယီပိတ်ထား

ရန်ကုန် ၄ ဧပြီ   

 

လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ငါးထပ်ကြီးဘုရားအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ 

 

“လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  ဧပြီ ၃ ရက်က စတင်ပိတ်ထားတာပါ။ ကျန်တဲ့ဘုရားတွေ ပြန်ဖွင့်ရင် ငါးထပ်ကြီးဘုရားလည်း ပြန်ဖွင့်မှာပါ။ လောလောဆယ် ညွှန်ကြားချက်အရ ရက်အကန့်မရှိ ပိတ်ထားပါတယ်” ဟု ဂေါပကအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဗဟန်းမြို့နယ်ရှိ ခြောက်ထပ်ကြီးဘုရားကိုလည်း ဧပြီ ၂ ရက်က စတင်ပိတ်ထားကြောင်း သိရသည်။ 

 

အဆိုပါကြေညာချက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးများမပြုလုပ်ရန် သတိပေးချက်များ ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

 

သတင်းနှင့်ဓာတ်ပုံအာကာလင်း

 

63551