ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး၊ အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

mdn

နေပြည်တော် ၂၆ အောက်တိုဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

အောက်တိုဘာ ၂၇ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအား ဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ပါမောက္ခ (အပူပိုင်း/ကူးစက်)၊ ပါမောက္ခ ဒေါက်တာမိုးမိုးစန်းနှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာ/ ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာ ထင်လင်းတို့က   ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်