ကိုဗစ်-၁၉ ရောဂါပိုးရှိသူ   ၄၀၃ ဦး ထပ်မံတွေ့ရှိ၊ ရောဂါပိုးရှိသူ စုစုပေါင်း ၄၈၇၀ ရှိသွားပြီ

နေပြည်တော် ၁၉ စက်တင်ဘာ

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၄၀၃ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၄၈၇၀ ရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၄၈၇၀ အနက် သေဆုံးသူ ၈၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၁၁၈၈ ဦးနှင့် စက်တင်ဘာ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၂၈ ဦးရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

သတင်းစဉ်