ကိုဗစ်-၁၉ ရောဂါပိုးရှိသူ  ၆၇၁ ဦး ထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၅၅၄၁ ဦးရှိသွားပြီ

နေပြည်တော် ၂၀ စက်တင်ဘာ 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၆၇၁ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၅၅၄၁ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိ သူ ၅၅၄၁ ဦးအနက် သေဆုံးသူ ၉၂ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၁၂၆၀ နှင့် စက်တင် ဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၂၀ မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၉၈ ဦးရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။  

သတင်းစဉ်