ကိုရီးယားမင်းသား ချာအင်းဟာ သေဆုံးနေကြောင်းရဲတပ်ဖွဲ့တွေ့ရှိ

၄ ဒီဇင်ဘာ

 

တောင်ကိုရီးယား သရုပ်ဆောင် ချာအင်းဟာ ကို ဆိုးလ်မြို့ရှိသူ့အိမ်မှာ သေဆုံးနေကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့(ဗုဒ္ဓဟူးနေ့) မှာ ပြောကြားခဲ့ပါတယ်။ လူကြိုက်များတဲ့ လူငယ်အနုပညာသမားတွေဟာ ဆိုရှယ်မီဒီယာရဲ့ ဖိအားတွေကြောင့် အချိန်နှစ်လတာ အတွင်းမှာ သုံးဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

 

mdn

 

အသက် ၂၇ ခုနှစ်အရွယ် ချာအင်းဟာ ဟာ မနေ့က သေဆုံးခဲ့တာဖြစ်ပြီး ဘာကြောင့် သေဆုံးတယ်ဆိုတာ မသိသေးကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အခုသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာကြောင့်သေဆုံးတယ်ဆိုတာ မှန်းဆပြီးမပြောကြဖို့ ချာအင်းဟာရဲ့ အနုပညာအေဂျင်စီက ပြောပါတယ်။

 

mdn

 

ချာ ရဲ့ အမည်အရင်းဟာ လီဂျန်ဟိုဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားတွေ စတင်ရိုက်ခဲ့ပါတယ်။ အဲဒီမတိုင်မီက Surprise U အမျိုးသားအဆိုရှင်များအဖွဲ့ဝင်ဖြစ်ပြီး သီချင်းခွေ နှစ်ခွေထွက်ရှိခဲ့ပါတယ်။ ချာ မသေမီ တစ်ရက်အလိုက သူ့ရဲ့ အင်စတီဂရမ်မှာ သူ့အားပေးသူတွေကို အခုဆောင်းရာသီမှာ ဂရုစိုက်ကြဖို့ ပို့စ်တင်ခဲ့ကြောင်း သိရပါတယ်။

 

mdn

 

ပြီးခဲ့တဲ့လက K-pop အဆိုတော် ဟာရာ (အသက် ၂၈ နှစ်) ကိုလည်း သေဆုံးနေတာတွေ့ခဲ့ရသလို အောက်တိုဘာလ ကလည်း K-pop အဆိုတော် ဆူးလီ (အသက် ၂၅ နှစ်) သေဆုံးခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ဆိုရှယ်မီဒီယာပေါ်ကနေ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်တာကို ခံခဲ့ရသူများဖြစ်ကြပါတယ်။

 

MDN

 

mdn