​​​​​​​ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးနှုန်းဟာ လက်ခံနိုင်စရာ မရှိအောင် ဖြစ်လာကြောင်း ကုလသမဂ္ဂပြော

၁၉ စက်တင်ဘာ

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သီတင်းတစ်ပတ်ကို လူ ငါးသောင်းနီးပါး သေဆုံးနေတာက လက်ခံနိုင်စရာ မရှိကြောင်း သောကြာနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ တစ်သန်းနီးပါး ရှိလာချိန်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၀ ဒသမ ၇ သန်း ရှိနေသလို သေဆုံးသူ အရေအတွက်ဟာ ၉၅၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ 

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ သီတင်းတစ်ပတ်ကို ၁ ဒသမ ၈ သန်းကနေ ၂ သန်းအထိ ရှိနေသလို ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာလည်း သီတင်းတစ်ပတ်အတွင်း ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ရှိနေကြောင်း WHO ရဲ့ အရေးပေါ်ဌာနရဲ့ ဒါရိုက်တာ မိုက်ကယ်ရိန်းက ပြောပါတယ်။

 

 

ဉရောပမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် သောကြာနေ့ကစပြီး တားမြစ်ချက် အသစ်တွေ ပြဌာန်းပြီး ပိုးကူးစက်မှုကို တားမြစ်အောင် ဆောင်ရွက်နေသလို အစ္စရေးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် ဒုတိယအကြိမ် တစ်နိုင်ငံလုံးကို အသွားအလာ ကန့်သတ် ပိတ်ခဲ့ကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီ ၃၆ ခု လုံးဟာ လူတွေနဲ့ စမ်းသပ်နေပြီဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP

mdn