ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၆၀,၀၀၀ ကျော်ရှိပြီလာ

၁၂ ဇူလိုင်

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် သေဆုံးသူ ၅၆၁,၅၅၁ ဦးရှိလာကြောင်း ဒီနေ့(တနင်္ဂနွေနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နိုင်ငံ/ဒေသပေါင်း ၁၉၆ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၂,၅၈၀,၉၈၀ ရှိပြီး ပြန်လည်ကျန်းမာလာသူ ၆,၇၀၆,၇၀၀ ရှိကြောင်း သိရပါတယ်။

 

ဘရားဇီးနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၁,၂၁၄ ဦး ၊ အမေရိကန် နိုင်ငံမှာ ၈၈၈ ဦး နဲ့ မက္ကဆီကိုနိုင်ငံမှာ ၆၆၅ ဦး သေဆုံးကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူဦးရေ ၁၃၄,၄၃၀ ရှိကြောင်းနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃,၂၁၅,၈၆၁ ဦး ရှိတာကို တွေ့ရပါတယ်။ ပြန်လည်ကျန်းမာလာသူ ၉၈၃,၁၈၅ ဦး ရှိတယ်လို့ သိရပါတယ်။

 

အမေရိကန်နိုင်ငံပြီးရင် ဘရာဇီးနိုင်ငံဟာ ကပ်ရောဂါဒဏ်ကို ဒုတိယအဆိုးဆုံးခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ  သေဆုံးသူ ၇၀,၄၃၀ ရှိပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၈၀၀,၈၆၁ ဦးရှိကြောင်း၊ ဗြိတိန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၈၈,၉၆၃ဦးမှ သေဆုံးသူ ၄၄,၇၈၉ ဦး၊ အီတလီနိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၄၂,၈၂၇ ဦးမှ သေဆုံးသူ ၃၄,၉၄၅ ဦး နဲ့ မက္ကဆီကိုနိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၈၉,၁၇၄ ဦးမှ သေဆုံးသူ ၃၄,၁၉၁ ဦး သေဆုံးကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား- AFP