ကလေးစာပေပွဲတော်(ဂန့်ဂေါ) ဒုတိယနေ့ စည်ကား

ဂန့်ဂေါ   ၁၈   ဇန်နဝါရီ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဂန့်ဂေါခရိုင် စီမံ ခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(ဂန့်ဂေါ) ကို ဇန်နဝါရီ ၁၇ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲများ၊ ပြခန်းများနှင့် ဖျော်ဖြေပွဲများအပြင် စတုဒီသာလှူဒါန်းသူများ၊ ပါဝင်ဆင်နွှဲသူများ၊ လာရောက်လေလေ့လာကြသူများ တို့ဖြင့် စည်ကားလျက်ရှိသည်။ 

ပြိုင်ပွဲများတွင် စကားပုံဆက်၊ ကျပန်းစကားပြော၊ ထုပ်စည်းထိုး၊ အရုပ်ဆက်၊ ပုံပြောပြိုင်ပွဲ၊ အိမ်ဆောက်ကစားနည်း၊ အာလူးကောက်၊ ဖူဆယ်ဘောလုံး၊ ဆန်ကောတင် လမ်းလျှောက်၊ ခါးလှည့်ကွင်း ၊ Myanmar Physical Fitness Dance ပြိုင်ပွဲများအပြင် ပြပွဲများအဖြစ် ဌာနဆိုင်ရာပြခန်းများများ၊ ချင်းတိုင်းရင်းသားရိုးရာပြခန်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပြခန်းများ ကိုလည်း ဆက်လက်ပြသလျက်ရှိသည်။ 

 

‌ေ

 

ထို့ပြင် ဂန့်ဂေါမြို့ ကလေးစာပေပွဲတော် Team Building Game ပြိုင်ပွဲကိုလည်း ဆက်လက် ကျင်းပလျက်ရှိရာ တာယာကွင်းသွင်း၊ ဘက်စကက်ဘော၊ ခုံဖိနပ်လမ်းလျှောက် အားကစားပြိုင်ပွဲများ ပျော်ပွဲ၊ ရွှင်ပွဲများတို့ကို ဂန့်ဂေါမြို့နယ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်ကစားလျက်ရှိပြီး အနိုင်ရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ကျသူများက ဆုပစ္စည်းလက်ဆောင်များ ပေးအပ်ချီးမြှင့်လျက်ရှိသည်။

တောင်သားမောင်သန်း