ကမ္ဘာ့အသက်အကြီးဆုံးလူသား အသက် ၁၁၂ နှစ် ဂျပန်နိုင်ငံတွင် ကွယ်လွန် 

၂၅ ဖေဖော်ဝါရီ

ဂျပန်နိုင်ငံသား ကမ္ဘာ့အသက်အကြီးဆုံးလူသား အသက် ၁၁၂ နှစ်တွင်ကွယ်လွန် ဒီနေ့( အင်္ဂါ)မှာ  တာဝန်ရှိသူတွေက ကြေညာပါတယ်။

ကွယ်လွန်သူ ချီတတ်စူးဝမ်တန်နာဘေး ဟာ ၁၉၀၇ ခုနှစ် မတ်လ ၅ ရက်နေ့တွင် နာဂါတာတွင် မွေးဖွားပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်ချိန်မှာလည်း နာဂါတာရှိ လူအိုရုံတွင် ကွယ်လွန်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဝမ်တန်နာဘေးမှာ သားသမီး ၅ ဦးရှိပြီး ၊ သူအသက်ရှည်ရတဲ့အကြောင်းအရင်းကတော့ ဒေါသမရှိခြင်းနဲ့ မျက်နှာမှာ အမြဲတမ်း အပြုံးပန်း ပန်ဆင်ထားနိုင်ခြင်းက အဓိက အချက်ဖြစ်တယ်လို့ ပြောဖူးပါတယ်။ ဒါ့အပြင် သူဟာ အချိုကြိုက်သူဖြစ်ပြီး ကတ်စတတ်ပူတင်းနဲ့ ရေခဲမုန့်ကို ကြိုက်တယ်လို့လည်း ဝန်ခံဖူးတာကိုလည်း တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က ဂင်းနစ်မှတ်တမ်းဝင်ကြောင်း အသိအမှတ်အပြုမှတ်တမ်းကို ဝမ်တန်နာဘေးလက်ခံခဲ့ပါတယ်။

အခုတော့  အသက် ၁၁၀ နှစ်အရွယ် အစ်ဆာကူတိုမို ဟာ ကမ္ဘာ့အသက်အကြီးဆုံးလူသားဖြစ်လာလို့ ဂျီဂျီသတင်းက ဖော်ပြထားပေမယ့်  ကမ္ဘာ့အသိအမှတ်အပြုရပြီးလား မရသေးဘူးလားဆိုတာ ရှင်းရှင်းလင်း မသိသေးဘူးဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ သက်တမ်းရှည်အဆုံးနေရာဖြစ်ပြီး ကမ္ဘာ့အသက်ရှည်ဆုံး လူသားတွေ နေထိုင်ရာ နေရာလည်းဖြစ်ပါတယ်။ 

ကမ္ဘာ့အသက်အကြီးဆုံးလူသား ဂျီရိုမွန်ကင်မူရာဟာ ဇွန် ၂၀၁၃ ခုနှစ်က ၁၁၆ နှစ် မွေးနေ့ပွဲအပြီး မကြာခင်မှာဘဲ သေဆုံးခဲ့ပါတယ်။

ဂင်းနစ်မှတ်တမ်းအရ ၁၉၉၇ ခုနှစ်က အသက် ၁၂၂ အရွယ်မှာ သေဆုံးခဲ့တဲ့ ပြင်သစ်နိုင်ငံသူ ဂျင်းနီလူးဝှစ်ကလဲမင့်ဟာ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် မှတ်တမ်းတင်ကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP