ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှု ချီဖွေမြို့၌ ဆောင်ရွက်

ချီဖွေ ၁ ဒီဇင်ဘာ

 

ကချင်ပြည်နယ်  မြစ်ကြီးနားခရိုင်  ချီဖွေမြို့နယ်၌  World AIDS DAY 2020  လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီက မြို့နယ်စည်ပင်သာယာဈေး၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ၂၀၂၀ ပြည့်နှစ်  ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့  လှုပ်ရှားဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဘောမ်ဝမ်နှင့် ဝန်ထမ်းများ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမများ၊ HPA မှ  Chipwi team leader (Malaria) ဆရာဖြိုးဝေထွန်းနှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ဒေသခံမိဘပြည်သူများ  ကျန်းမာရေးဆိုင်ရာဖြစ်သည့် HIV/AIDS အကြာင်း မေးခွန်းတိုများ အသိပညာဗဟုသုတရရှိစေရန် မေးမြန်းဆွေးနွေးကာ ပါဝင်ဖြေဆိုသူများကို အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါသည် ကာကွယ်ရန် မခက်ပါ၊ မူးယစ်ဆေး မသုံးစွဲလျှင် အကောင်းဆုံးပါ  အသိပညာပေး လက်ကမ်းစာစောင်နှင့် သွားတိုက်ဆေး တစ်ဘူး၊ အဖုံးပါ ရေပုံး တစ်ပုံး စသည့် တို့ ပေးဝေခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်း သွားရောက်၍ HIV/AIDS ကူးစက်ခြင်းများနှင့် ကာကွယ်ခြင်းနည်းလမ်းအကြောင်းကို ဆရာဖြိုးဝေထွန်းက မေးမြန်းဆွေးနွေးခြင်းကာ လူငယ်များ အနေဖြင့် ဆောင်ရန်၊ ရှောင်များ လိုက်နာစေရန် အသိပညာ‌ပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇင်မာဝင်း(ပြန်/ဆက်)