ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ မွေးဖွားလာတဲ့ မွေးကင်းစ ကလေးငယ်တွေအတွက် မျက်နှာ အကာအကွယ်များ တီထွင်ထား

၁၄ ဧပြီ


 

ထိုင်းနိုင်ငံက ဆေးရုံတွေက ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန် မွေးဖွားလာတဲ့ မွေးကင်းစ ကလေးငယ်များကို မျက်နှာမှာ အကာအကွယ်လေးတွေ ဝတ်ဆင်ပေးပြီး ကပ်ရောဂါကနေ ကာကွယ်ပေးနေပါတယ်။


 

ဘန်ကောက်မြို့က ဆေးရုံတွေက မွေးကင်းစ ကလေးငယ်တွေအတွက် ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန် မျက်နှာတစ်ခုလုံးကို ကာထားနိုင်တဲ့ ပစ္စည်းလေးတွေ တီထွင်ပေးထားတာဖြစ်ပါတယ်။


 

ထိုင်းနိုင်ငံမှာ ဧပြီ ၁၄ ရက် ထုတ်ပြန်ချက်အရ ၂၆၁၃ ဦး ရောဂါကူးစက်ခံရပြီး ၄၁ ဦး သေဆုံးကြောင်း သိရပါတယ်။  ဘန်ကောက်မြို့ခံတွေကို အသွားအလာ ပိတ်ဆို့မှု စည်းမျဉ်းနဲ့ တားမြစ်ထားပါတယ်။

 

မွေးကင်းစ ကလေးတွေတွေအတွက် အခုတီထွင်ထားတဲ့ မျက်နှာတစ်ခုလုံး အကာကွယ်ပစ္စည်းက ကလေးငယ်တွေ ဆေးရုံကနေ အိမ်ပြန်တဲ့အခါ ပြင်ပက ပိုးမွှားမကပ်နိုင်အောင် ကာကွယ်ဖို့ သုံးမယ်လို့ သိရပါတယ်။


 

MDN

ကိုးကား - AFP

mdn