ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်  ၂၂ ဇန်နဝါရီ

ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေများဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 

 

ntn2

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Namjai Ranong Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ၁ ဦး၊ ဗြိတိန်နိုင်ငံသား ၃ ဦး၊ ဂျာမနီနိုင်ငံသား ၁ ဦး စုစုပေါင်း ခရီးသွားဧည့်သည် ၅ ဦးသည် Namjai 2 စက်တပ်ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်မှ ၁၄ ရက်အထိ ကော့သောင်း- အောက်ကျွန်းနီကျွန်း- မြန်မာဘန့်-  တောင်တော်ဝင်ကျွန်း- မြောက်တော်ဝင်ကျွန်း- မြန်မာဘန့်- အောက်ကျွန်းနီကျွန်း- ကော့သောင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့သည်။ 

အလားတူ အဆိုပါ Freepier Yachting Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျာမနီနိုင်ငံသား ၃ ဦး၊ ပြင်သစ်နိုင်ငံသား ၁ ဦး၊ ဆွစ်ဇာလန်နိုင်ငံသား ၃ ဦး၊ သြစတြေးလျနိုင်ငံသား ၁ ဦး စုစုပေါင်းဧည့်သည် ၈ ဦးသည် Meta IV စက်တပ်ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ ၁၆ ရက်အထိ ကော့သောင်း- ၁၁၅ ကျွန်း- ညောင်ဝီးကျွန်း- ငါးမန်းကျွန်း- ကျွန်းဖီလာကျွန်း- ခရင်းခွကျွန်း- စေတန်ကျွန်း- ကော့သောင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့သည်။ 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

MDN
Source: ဟိုတယ်/ခရီး