ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အမျိုးသားသရုပ်ဆောင်စာရင်းတွင် သည်ရော့ခ်က ထိပ်ဆုံးမှဦးဆောင်

ဟောလိဝုဒ်အမျိုးသားသရုပ်ဆောင်တွေထဲမှာ ဝင်ငွေအများဆုံး အမျိုးသားသရုပ်ဆောင် ထွက်ပေါ်လာခဲ့ပါပြီ။ နံပါတ် ၁ နေရာမှာ ရောက်ရှိနေသူကတော့ ဒွိန်း သည် ရော့ခ်ဂျွန်ဆင်ပါပဲ။ သူဟာ ဖော့ခ်မဂ္ဂဇင်းကဖော်ပြတဲ့ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး အမျိုးသားသရုပ်ဆောင် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်ကနေ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်အတွင်းမှာ သူ့ရဲ့ဝင်ငွေဟာ ၈၉ ဒသမ ၄ သန်းခန့် ရှိပါတယ်။ ဂျွန်ဆင်ကတော့ ပရိသတ် ဘာကြိုက်တယ်ဆိုတာကို အလေးထားပြီး ပရိသတ်အကြိုက် ဖန်တီးမယ်ဆိုရင် ပျော်ရွှင်မှုတွေကို အိမ်ထိရောက်အောင် ပို့ဆောင်ပေးနိုင်မလားဆိုပြီး ၂၀၁၈ ခုနှစ်က ဖော့ခ်မဂ္ဂဇင်းမှာ ဖြေကြားဖူးပါတယ်။

ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်စာရင်းမှာတော့ ဂျွန်ဆင်နောက်မှာ ဝင်ငွေအများဆုံးနဲ့ ရပ်တည်နေသူကတော့ ခရစ်ဟမ်းဝေါ့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဝင်ငွေက တော့ ၇၆ ဒသမ ၄သန်း ရှိပါတယ်။ နောက်ပြီး တတိယဝင်ငွေအများဆုံးမှာ ရပ်တည် နေသူကတော့ Iron Man ဇာတ်ကောင် ရောဘတ်ဒေါင်နီဂျူနီယာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဝင်ငွေကတော့ ၆၆ သန်း ဖြစ်ပါတယ်။ သူနောက်မှာတော့ ဘောလိဝုဒ်မင်းသား အက်ခ်ရှေးကူးမားက ၆၅ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး ဂျက်ကီချမ်းကတော့ ၅၈ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

ဖော့ခ်