ကွန်ဟိန်းမြို့ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကွန်ဟိန်း  ၁၇   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊အမှတ်(၂)အခြေခံပညာ မူလန်းကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ဇန်နဝါရီ ၁၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားအား ကျောင်းသား/ကျောင်းသူလေးများက မြတ်ဆရာသီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူအောင် က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သဲမာ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ မှ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)