ကြံခင်း-ဟင်္သာတ-ပုသိမ် လမ်းပိုင်း၌ (၁၈၅) အဆန်ရထားနှင့် (၁၈၆) အစုန်ရထား ပြေးဆွဲခြင်းကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်

 

ကြံခင်း   ၂၀  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ် လမ်းပိုင်း၌ (၁၈၅) အဆန်ရထားနှင့် (၁၈၆) အစုန်ရထားပြေးဆွဲခြင်းကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြေးဆွဲမှုသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ရထားပြေးဆွဲရေးလုပ်ငန်းများ ထိန်းချုပ်ကွပ်ကဲလျက်ရှိကြောင်း အမှတ်(၉)တိုင်းနယ်မြေအတွင်း တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ် လမ်းပိုင်း၌ (၁၈၅) အဆန်နှင့် (၁၈၆) အစုန် ပြေးဆွဲခြင်းကို ယခင်က ဇွန် ၁၅ ရက်နေ့အထိ သတ်မှတ်ပေးခဲ့သော်လည်း ယခုအခါ ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် အတွက် ဇွန် ၃၀ ရက်နေ့အထိ တိုးမြှင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကြံခင်းမြို့နယ် မီးရထားရုံပိုင်ကြီး ဉီးမောင်မောင်ဉီး က ပြောသည်။

 

ခရီးသွားတစ်ဉီးလျှင် လက်မှတ်တစ်စောင် ရောင်းချပေးပြီး ထိုင်ခုံ (၂)လုံး  စီစဉ်ပေးမှာဖြစ်ပြီး အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်သူများသာ လက်မှတ်ရောင်းချ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူ များအား နေရာခြားထိုင်နိုင်ရန် ရထားတွဲများအား တွဲကြီး (၈)တွဲ ၊ တွဲသေး(၁) တွဲ ၊ ပါဆယ် (၁) တွဲနှင့် ဘရိတ်တွဲ (၁) တွဲ ချိတ်ဆွဲပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

မိုးမိုး (ပြန်/ဆက်)

 

852

 

9

 

6