ကွန်တိန်နာထဲရှိ သေဆုံးသူ ၃၉ ဦးလုံးမှာ ဗီယက်နမ်များဖြစ်သည်ဟု  ဗီယက်နမ်ရဲတပ်ဖွဲ့ပြောကြား

၈ နိုဝင်ဘာ

 

အောက်တိုဘာ ၂၃ ရက်နေ့က ကွန်တိန်နာကားတစ်စီးအတွင်း သေဆုံးခဲ့သူ ၃၉ ဦးလုံးသည် ဗီယက်နမ်လူမျိုးများဖြစ်ကြသည်ဟု ဗီယက်နမ်ရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ သေဆုံးသူများသည် တရုတ်လူမျိုးများဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ကနဦးပြောကြားခဲ့သော်လည်း ထိုဖြစ်ရပ်တွင် ၎င်းတို့၏မိသားစုဝင်များ ပါဝင်နိုင်သည်ဟုဆိုကာ ဗီယက်နမ်လူမျိုးအများအပြားက  ကန့်ကွက်ပြောဆိုခဲ့သည်။

 

4

 

အလောင်းများကို ရွေးထုတ်ရန် ဗီယက်နမ်အစိုးရသည် အမေရိကန်ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

 

ထိုသေဆုံးသူ ၃၉ ဦးမှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Haiphong မြို့၊ Hatinh နှင့် Nghean ပြည်နယ်အလယ်ပိုင်းတို့မှ ဖြစ်ကြောင်း ဗီယက်နမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ထရပ်ကားမောင်းသည့် မြောက်ပိုင်းအိုင်ယာလန် မှ လူတစ်ဦးအပါအဝင် လူနှစ်ဦးကို လူသတ်မှုနှင့်အခြားစွဲချက်များဖြင့် စွဲချက်တင်ခဲ့သည်။

 

ပြည်ပသို့တရားမဝင် ဝင်ရောက်ရန် အကျိုးဆောင်သည်ဟု သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်းကိုလည်း ဗီယက်နမ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

လူကုန်ကူးရန်စီစဉ်သည့် သံသယဖြစ်ဖွယ်ကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟု ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို