ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့ ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ဘားအံ    ၁   ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်ရန်  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက် လာကြသည့် ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထဲမှ မိမိတို့ရပ်ကွက်နှင့် ကျေးရွာများ အတွက် လိုအပ်သော တံတားနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များ၊ စိုက်ပျိုးရေးကဏ္ဍများ၊ ပညာရေး အတွက် ကျောင်းဆောင်သစ်များ ဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

နေမျိုးလွင်(ပြန်/ဆက်)