ကသာမြို့ပေါ်ရှိ ဈေးများ၌ ဆောင်းပုရစ်များ စတင်ရောင်းချ

ကသာ   အောက်တိုဘာ   ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ကျေးရွာနေ ဒေသခံပြည်သူများက ဆောင်းကာလအတွင်း ရရှိသော ဆောင်းပုရစ်များကို ကသာမြို့ပေါ်ရှိ ဈေးများ၌ အများအပြား လာရောက်ရောင်းချလျက် ရှိသည်။

 

လက်ရှိတွင် အကောင်ကြီးသည့် ဆောင်းပုရစ်များကို အကောင် ၁၀၀ လျှင် ၈၀၀၀ ကျပ်၊ အကောင်သေးသည့် ပုရစ်များကို တစ်ဘူးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် စတင်ရောင်းချရပြီး ကသာမြို့နယ် တွင် ဆောင်းပုရစ်နှင့် မိုးပုရစ်ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်ရောင်းချရကြောင်း၊ ကသာမြို့နယ်အတွင်းမှ ရရှိသည့် ပုရစ်များကိုလည်း ကသာမြို့ရှိ ဈေးများအပြင် အခြားမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

 

ပုရစ်များရောင်းချရာတွင် ဆောင်းကာလအတွင်း ရရှိသည့်ပုရစ်များက မိုးဦးကာလအတွင်း ရရှိသည့်ပုရစ်များထက် ဈေးကောင်းပိုမိုရရှိပြီး ဥပါသည့်ဆောင်းပုရစ်ကို အကောင် ၁၀၀ လျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိနှင့် ဥမပါသည့်ဆောင်းပုရစ်များကို အကောင် ၁၀၀ လျှင် ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)