လာမည့်နှစ် ဧပြီလတွင် အမေရိကန်ပြည်သူတစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံအလောက်ရရှိနိုင်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ပြော

ဝါရှင်တန်   ၂၀  စက်တင်ဘာ

လာမည့်နှစ် ဧပြီလတွင် အမေရိကန်နိုင်ငံသားများ အားလုံးအတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေး အလုံအလောက် ရရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

လစဉ် ကိုဗစ်- ၁၉ ကာကွယ်ဆေး သန်းပေါင်းရာချီ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သမ္မတထရမ့်က စက်တင်ဘာ ၁၉ ရက်တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။

သို့ရာတွင် သမ္မတထရမ့်၏ ပြောကြားချက်မှာ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန ဒါရိုက်တာ ရောဘတ်ရက်ဒ်ဖီးလ်၏ ခန့်မှန်းချက်နှင့် ကွဲလွဲလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်က ကွန်ဂရက်လွှတ်တော် အစည်းအဝေးအတွင်း ရောဘတ်ရက်ဒ်ဖီးလ်က လာမည့် ၂၀၂၁ ခုနှစ်၏ ဒုတိယနှစ်ဝက်နှောင်းပိုင်း သို့မဟုတ် တတိယနှစ်ဝက်လောက်တွင် အမေရိကန် ပြည်သူများ ကာကွယ်ဆေး ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရောဘတ်ရက်ဒ်ဖီးလ်၏ ပြောကြားချက်ကို သမ္မတထရမ့်က သတင်းအမှားဖြစ်ကြောင်း ပြောဆိုခဲ့ကာ ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးအခုရေ သန်း ၁၀၀ ထက်မနည်းကို ပြည်သူများသို့ ဖြန့်ဝေ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

နိုင်ငံရေးဆိုင်ရာ ဝေဖန်သူများက သမ္မတထရမ့် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေး ကတိကဝတ်ကို ရွေးကောက်ပွဲ အနိုင်ရရှိစေမည့် မဲဆွယ်စည်းရုံးရေး လက်နက်တစ်ခုအဖြစ် အသုံးချနေဟန်ရှိကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ