လေးနှစ်အတွင်း ပထမဆုံး နိုင်ငံတကာသွင်းဂိုးတစ်ဂိုးကာဇိုလာသွင်းယူ

mdn

ကွင်းလယ်ကစားသမား ဆန်တီကာဇိုလာဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ အုပ်စုအဆင့်ပွဲစဉ်အဖြစ် မော်လ်တာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အဲဒီပွဲစဉ်မှာ စပိန်အသင်းက မော်လ်တာအသင်းကိုခုနစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

စပိန်အသင်းဟာ အဲဒီလိုအနိုင်ရရှိခဲ့လို့ အုပ်စုအဆင့်မှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး စပိန်အသင်းအတွက်သွင်းဂိုးတွေကို ၂၃ မိနစ်မှာ မိုရက်တာ၊ ၄၁ မိနစ်မှာ ကာဇိုလာ၊ ၆၂ မိနစ်မှာ ပါအူတောရက်စ်၊ ၈၃ မိနစ်မှာ ဆရာဘီယာ၊ ၆၉ မိနစ်မှာ အိုလ်မို၊ ၇၁ မိနစ်မှာ မိုရီနိုနဲ့ ၈၅ မိနစ်မှာ နာဗက်စ် တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

စပိန်အသင်းနဲ့ မော်လ်တာအသင်းတို့ရဲ့ ပွဲစဉ်မှာစပိန်အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားကာဇိုလာဟာ လေးနှစ်အတွင်း ပထမဆုံး နိုင်ငံတကာသွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ကာဇိုလာဟာ စပိန်လက်ရွေးစင်အသင်းအတွက် နောက်ဆုံးသွင်းယူခဲ့တဲ့ နိုင်ငံတကာသွင်းဂိုးကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ စပိန် အသင်းက အင်္ဂလန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ။