Levi's ဂျင်းကုမ္ပဏီ ရှယ်ယာဈေးကွက်ပြန်ဝင်လာပြီ

၂၁ မတ်

အမေရိကန် Levi's ဂျင်းကုမ္ပဏီဟာ Wall Street ရှယ်ယာဈေးကွက်ထဲ ကို ၃၄ နှစ်ကြာပြီးမှ တစ်ကျော့ပြန် ဝင်ရောက်လာပြီလို့ သိရပါတယ်။

Levi's ဂျင်းကုမ္ပဏီဟာ ခန့်မှန်းထားတဲ့အမေရိကန် ဒေါ်လာ ၆၂၃ သန်းထက်ပိုတဲ့ ဈေးနှုန်းရနိုင်ကြောင်း ခန့်မှန်းချက်တွေထွက်ပေါ်လာပါတယ်။  ရှယ်ယာတစ်ခုကို ဒေါ်လာ ၁၄-၁၆ အထိသာ ရှိမယ်လို့ မျှော်မှန်းထားပေမယ့် အမေရိကန်ဒေါ်လာ ၁၇ အထိ ဈေးကွက် အစမှာ ပေးတာကို တွေ့ရပါတယ်။  ဒါကြောင့်လည်း Levi's ဂျင်းကုမ္ပဏီ ဟာ အမေရိကန် ၆.၅ ဘီလီယံလောက်အထိ ဖြစ်သွားနိုင်ကြောင်း ခန့်မှန်းမှုတွေထွက်လာတာဖြစ်ပါတယ်။

Levi Strauss ကုမ္ပဏီ ကို The Hass မိသားစု ၁၈၅၃ ခုနှစ်မှာ ဆန်ဖရန်စစ္စကိုတွင် တည်ထောင်ခဲ့တဲ့ အတွက် သက်တမ်း ၁၆၆နှစ် ရှိပြီဖြစ်ပါတယ်။ Levi Strauss ကုမ္ပဏီဟာ စတင်တည်ထောင်စဉ်က ကုန်ခြောက်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းကနေ နှစ် ၂၀ ကြာပြီးနောက်မှာ အပြာရောင်ဂျင်းကို တီထွင်ပြီး၊ အဲဒီဂျင်းဟာ မိုင်းတွင်းလုပ်သားများနှင့် ကောင်းဘွိုင်များသာ ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ၂၀ ရာစုအရောက်မှာတော့ နေရာတိုင်းမှာ ဝတ်ဆင်လာကြပါတယ်။

Levi’s တံဆိပ်ဟာ အတက်၊ အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိ ကုမ္ပဏီအုပ်ချုပ်ရေးမှူး ချားလ် ဘက် ကုမ္ပဏီကို စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၁၁ ခုနစ် စက်တင်ဘာလကစပြီး ကုမ္ပဏီတိုးတက်ခဲ့တာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP

 

mdn