လှိုင်းဘွဲမြို့နယ် ကျွန်းမီးကျေးရွာတွင် လျှပ်စစ်မီးခုံ ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

လှိုင်းဘွဲ   ၃   ဧပြီ   

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက လျှပ်စစ်မီးခုံ ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

 

53

 

မီးလောင်မှုဖြစ်ပွားရာသို့ ရွှေဂွန်း နယ်မြေရဲစခန်းမှ ရဲအုပ်လေးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ရွှေဂွန်း မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး စောကလိုဆာမူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားတို့က မီးသတ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဆီးရယ်အား ရွှေဂွန်းနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

102