လှိုင်မြို့နယ်တွင် မီးလောင်

ရန်ကုန်  ၁၂  ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင်(၄)လမ်းတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဉီးစီးဌာနမှ သိရသည်။

 

MDN