ဂျူဗင်တပ်စ်ကစားသမား ကန်ဆီလိုအား မန်စီးတီးအသင်း ခေါ်ယူ
ဂျူဗင်တပ်စ်အသင်း တောင်ပံကစားသမား ဂျာအိုကန်ဆီလိုအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပရီမီယာလိဂ်လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ကြေညာလိုက်သည်။ မန်စီးတီးအသင်းနှင့် ပေါ်တူဂီကစားသမား ကန်ဆီလိုတို့သည် ခြောက်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။