လပ္ပတ္တာမြို့သစ် စက်မှုသင်တန်းကျောင်းတွင်ဖွင့်လှစ်မည့် သင်တန်း ၃ခုအတွက် သင်တန်းသား ၆၀ ဦးခေါ်ယူမည်

လပ္ပတ္တာ ၁၇ အောက်တိုဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့သစ်ရှိ စက်မှုသင်တန်းကျောင်း (လပ္ပတ္တာ)တွင် ဖွင့်လှစ်မည့် သင်တန်း ၃ ခုအတွက် သင်တန်းသား ၆၀ ခေါ်ယူမည်ဖြစ်ကြောင်းသိရပြီး တက်ရောက်မည့် သင်တန်းသားများအား ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနက နေထိုင် စားသောက်မှုနှင့် သင်တန်းတွင် လိုအပ်သည့် သင်ကြားရေးအထောက်အကူပြုပစ္စည်များကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းကို အောက်တိုဘာ ၂၉ ရက်မှ ၂၀၂၀ ခုနှစ် မတ်လ ၂၆ ရက်အထိ ဖွင့်လှစ် ပေးသွားမည်ဖြစ်သည်။ ဖွင့်လှစ်မည့် သင်တန်းများမှာ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းများကို သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၆၀ ဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်း တက်ရောက်လိုသူများအနေဖြင့် ၂၇ - ၁၀ - ၂၀၁၉ ရက်အထိ လပ္ပတ္တာမြို့သစ် စက်မှု သင်တန်းကျောင်းသို့ လျှောက်ထားနိုင်ပြီး သိရှိလိုသည်များကို ဦးသိန်းဦး (ဒုတိယညွှန်ကြား ရေးမှူး) တိုင်းတာဝန်ခံ ဝ၉-၂၅၀၃၂၄၁၈၀ ထံတွင်လည်းကောင်း၊ ဦးသူရနိုင်(ကြီး/ရေး) စုဆောင်းရေးမှူး ဝ၉-၄၂၂၅၃၂၀၄၉၊ ဝ၉-၇၈၀၄၁၆၂၁၆ ထံတွင်လည်းကောင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ကြောင်းသိရသည်။

 

ခင်လေးဝါ(ရွှေတာမြေ)