လူမှုစီးပွားဖွံ့ဖြိုးရေးကို ဦးတည်

၁၉  နိုဝင်ဘာ

ပြည်သူ့အစိုးရ နိုင်ငံတော်တာဝန် စတင်ယူစဉ်ကတည်းက ဦးစားပေးရည်မှန်းချက် ပန်းတိုင်သုံးရပ်ရှိသည်။ ထိုသုံးရပ်မှာ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဖြစ်သည်။

အဆိုပါ အချက်သုံးချက်သည် တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်စပ်နေသည့် ပြည်သူတို့၏ပကတိ လိုအပ်ချက်များဖြစ်သည်။ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်နိုင်မှ လူမှုစီးပွားဘဝ တိုးတက်မြင့်မား အမျိုးသားပြန်လည်သုမြတ်ရေးကို တည်ဆောက်နိုင်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိ၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး လုပ်ဆောင်ပေးနိုင်မှ ပြည်တွင်းငြိမ်းချမ်းရေးခိုင်မြဲ၊ ပြည်တွင်းငြိမ်းချမ်းရေးခိုင်မြဲမှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်မည်ဖြစ်ပြီး ထိုအရေးများအားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်သည်။

လက်ရှိ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးသည် ပထမဦးစားပေး အရေးကြီးလုပ်ငန်းဖြစ်သည်။ ထိုအရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှ တည်ငြိမ်အေးချမ်းမှုရှိပြီး တည်ငြိမ်အေးချမ်းမှသာ ဒေသများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အချို့အပိုင်းတို့၌ စိန်ခေါ်မှုများ ရှိနေသေးသည်။

စိန်ခေါ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ချက်ခြည်မပြတ်ရှေးရှု ဆောင်ရွက်ခြင်းအားဖြင့် မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်နှင့် နီးစပ်နိုင်မည်။ နိုဝင်ဘာလ၁၅ရက်နေ့က ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွင့်ပွဲနှင့် စီးပွားရေးနှီးနှောဖလှယ်ပွဲတွင် “တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက်ခိုင်မာမောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မည် " ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပေးနိုင်သဖြင့် တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုဖြစ်ထွန်းလာမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပခဲ့ရာ ဖိုရမ်အရ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့သည်။ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီးပွားရေးနှီးနှောဖလှယ်ပွဲများ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်တွင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းများ ရှင်သန်နိုးထလာမည်။ ။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်သော စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိစေရန် ဦးတည်၍ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက်တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင် ချမှတ်ဆောင်ရွက်ရန် မျှော်မှန်းထားသည်။ ထို့ကြောင့် မိမိတို့သေ၏ တန်ဖိုးရှိသည့် သဘာဝပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အညီအမျှ ခွဲသုံးစွဲပြီး မိမိတို့ဒေသ ငြိမ်းချမ်းအောင်၊ ဖွံ့ ဖြိုးမောင် တစ်ပြိုင်တည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်တည်ရေးကို မြော်တွေးလျက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်၍ ဦးစားပေးရည်မှန်းချက် ပန်းတိုင်တစ်ခုဖြစ်သည့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ