လူငယ်အမျိုးသမီးပြိုင်ပွဲများကို အသက်ကန့်သတ်ချက်ပြောင်းလဲရန် အာရှဘောလုံးအဖွဲ့ချုပ် စီစဉ်

ဧပြီ

 

အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာလူငယ်အမျိုးသမီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲများကို အသက်ကန့်သတ်ချက် ပြောင်းလဲကျင်းပမည်ဖြစ်ပြီး လူငယ်အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲများနှင့် ချိတ်ဆက်ကျင်းပသွားမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲနှင့် အာရှ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲကို အသက်ကန့်သတ်ချက် ပြောင်းလဲမည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေသည့် သက်တမ်းအတိုင်း ယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် လာမည့်အကြိမ်မှစတင်ကာ အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ပုံမှန်အရ ယင်းပြိုင်ပွဲနှစ်ခုကို ၂၀၂၁ ခုနှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း အသက်ကန့်သတ်ချက် အပြောင်းအလဲနှင့်အတူ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် ၂၀၂၂ ခုနှစ်သို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

 

၂၀၂၂ အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲအတွက် ပထမအဆင့်ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ် ဧပြီ() ရက်မှ (၁၁)ရက်၊ ဒုတိယအဆင့်ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ (၂၂)ရက်မှ (၂၆)ရက်အထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပွဲစဉ်များကိုမူ ၂၀၂၂ ခုနှစ် ဧပြီ()ရက်မှ (၁၇)ရက်အထိ ကျင်းပမည်ဖြစ်သည်။ ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲအတွက် ပထမအဆင့်ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် မတ်()ရက်မှ (၁၄)ရက်၊ ဒုတိယအဆင့်ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ် သြဂုတ်(၁၈) ရက်မှ (၂၂)ရက်အထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပွဲစဉ်များကိုမူ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ () ရက်မှ (၂၀) ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

မြန်မာလူငယ် အမျိုးသမီးအသင်းများသည် ယင်းပြိုင်ပွဲများတွင် နှစ်စဉ်ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အာရှ ယူ-၁၉/၂၀ ပြိုင်ပွဲတွင် ၂၀၁၉ ခုနှစ်၌ ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်၌ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မြန်မာအသင်းသည် အာရှ ယူ-၁၉/၂၀ ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် လေးကြိမ်ယှဉ်ပြိုင်ခွင့်ရထားပြီး အာရှ ယူ-၁၆/၁၇ ပြိုင်ပွဲတွင် တစ်ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရထားသည်။ ၂၀၁၉ အာရှ ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိပေ။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်