လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

ကျောင်းကုန်း  ၂၅   ဇန်နဝါရီ 

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉)စက်မှုလယ်ယာစခန်း ကျောင်းကုန်းမြို့နယ်ရုံးတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင် စက်မှုလယ်ယာဉီးစီးမှူး ဦးမိုးကျော်က လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းချိန် မောင်းနှင်ထိန်းသိမ်းတတ်ဖို့လိုကြောင်း ပြောကြားခဲ့ပြီး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း က အမျိုးသားတွေသာမက အမျိုးသမီးတွေပါ မောင်းနှင်နေတာ တွေ့မိကြောင်းပြောကြားခဲ့သည်။မြို့မိမြို့ဖ ဦးတင်မောင်က မုဒိတာစကား ပြောကြားပြီး၊မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးရဲထွန်း က အခြေခံလောက်သာ သင်ကြားပေးနိုင်ကြောင်း၊ ဆက်လက်၍ သင်ကြားလိုလျှင် ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြပြီး၊ တံခွန်တိုင်ကျေးရွာမှ ကိုမြင့်မြတ်ဦး က လက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွလှေ့စက်အပြင် တစ်လုံးထိုးအင်ဂျင်ပြင်နည်းပါ သင်ကြားပေးတဲ့အတွက် စက်မှုလယ်ယာဦးစီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ကျောင်းကုန်းမြို့နယ် အတွင်းမှ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ (၁၂) ရက်ကြာ ပို့ချပေးခဲ့ကြောင်း  သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)