Mahar Mobile Application မှ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာအခမဲ့ ပြသလျက်ရှိ

နေပြည်တော်  ၁၄  ဧပြီ 

ABC Content solution Co.,Ltd (Mahar Mobile Application) မှ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာအခမဲ့ ပြသလျက်ရှိသည်။

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်သူများနေအိမ်တွင် နေထိုင်ကြရန် နှိုးဆော်ထားစဉ် ပြည်သူများ စိတ်အပန်းပြေစေရေးနှင့် စိတ်ဓာတ် မြှင့်တင်ပေးနိုင်ရေးကို အထောက်အကူပြုနိုင်ရန် Mahar Mobile Application မှ စုဆောင်းထားသည့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကား လေးထောင်ကျော်အနက်မှ နှစ်ထောင်ကျော်ကို တစ်လတာအခမဲ့ ပြသနေသည်။

အဆိုပါ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများကို ဧပြီ ၃၀ ရက် အထိ တစ်လတာကြည့်ရှုခွင့် Promo Code အရေအတွက်ပေါင်း သုံးသန်းကို ယင်းကုမ္ပဏီက လှူဒါန်းပေးဝေလျက်ရှိရာ Mahar Mobile App - Code နံပါတ် 230320 ဖြည့်စွက်၍ အခမဲ့ကြည့်ရှုနိုင်သည်။

Crd- မြန်မာ့အလင်း

MDN

 

2141