မော်ဒယ်မြင့် ဟွာဝေးဖုန်းများအတွက် အက်ပလီကေးရှင်းများကို ပိုမိုလွယ်ကူစွာရှာဖွေနိုင်မည့် Petal Search Widget - Find Apps ကို မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်

ရန်ကုန်   ၆   ဇူလိုင်

မော်ဒယ်မြင့် ဟွာဝေးဖုန်းများကို အသုံးပြုနေသူများအတွက် အက်ပလီကေးရှင်း များကို ပိုမိုလွယ်ကူလျင်မြန်စွာ ရှာဖွေ၍ ဒေါင်းလုဒ်ရယူနိုင်မည့် Petal Search Widget – Find Apps ဝန်ဆောင်မှုသစ်ကို ဟွာဝေးက စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းနှင့် အဆိုပါဝန်ဆောင်မှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် ဇွန် ၂၉ ရက်မှစ၍ စတင်အသုံးပြုနိုင်ပြီဖြစ်ကာ လက်ရှိအချိန်တွင် ဘာသာစကား အမျိုး ၄၀ အထိ အသုံးပြုနိုင်ရန် ထောက်ပံ့ပေးထားပြီဖြစ်ကြောင်း ဟွာဝေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ Petal Search – Find Apps ဝန်ဆောင်မှုကို ဟွာဝေး၏ Huawei Mobile Services(HMS)စနစ်သုံး စမတ်ဖုန်းများဖြစ်သည့် P40 Pro၊ Mate 30 Pro၊ Nova 7i၊ Y8p၊ Y7p၊ Y6p၊ Y5p အစရှိသည့် စမတ်ဖုန်းများနှင့် MatePad Pro၊ MatePad T8 စသည့် HMS စနစ်သုံး တက်ဘလက်များတွင်ပါ သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ Find Apps ဝန်ဆောင်မှုသစ်ကို သုံးစွဲနိုင်ခြင်းကြောင့် အဆိုပါ HMS စနစ်သုံးနိုင်သော ဖုန်းများကို အသုံးပြုနေသူများအတွက် အက်ပလီကေးရှင်းများ ပိုမိုလွယ်ကူစွာရယူနိုင်မည့် နည်းလမ်းသစ်တစ်ခု တိုးလာခြင်းဖြစ်ကြောင်း သိရ သည်။

Petal Search – Find Apps အက်ပလီကေးရှင်းကို ဟွာဝေး၏ အက်ပလီ ကေးရှင်းစတိုးဖြစ်သော App Gallery မှတစ်ဆင့် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ပြီး အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် App Gallery မှ အက်ပလီကေးရှင်း များကိုသာမက အခြား အရင်းအမြစ်များမှ အက်ပလီကေးရှင်းများကိုလည်း လွယ်ကူစွာ ရှာဖွေရယူနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် Petal Search Widget– Find Apps တွင် အက်ပလီကေးရှင်းထဲမှ ရှာဖွေရုံသာမက ဖုန်း၏ Home Screen တွင်လည်း Widget ထုတ်ထားပြီး အဆိုပါ Widget မှတစ်ဆင့်လည်း အက်ပလီ ကေးရှင်းများကို ရှာဖွေ၍ ဒေါင်းလုဒ်ရယူပြီး အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အက်ပလီကေးရှင်းသည် Petal Search Engine ကို ကျောထောက် နောက်ခံယူထားပြီး အက်ပလီကေးရှင်းများကို လွယ်ကူစွာ ရှာဖွေရယူနိုင်ရုံ သာမက ရှာဖွေလိုက်သောအက်ပလီကေးရှင်းသည် မည့်သည့်ရင်းမြစ်မှလာသည် ကိုပါ တစ်ပါတည်း ဖော်ပြပေးကြောင်း၊ ထို့အပြင် အက်ပလီကေးရှင်းများကို အလွယ်တကူ Update ပြုလုပ်နိုင်မည့် လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေး ထားကြောင်း၊ Petal Search Widget ကို ဟွာဝေး၏ App Gallery နှင့် တစ်သား တည်းဖြစ်အောင် ပေါင်းစည်းတည်ဆောက်ထားသည့်အတွက် App Gallery မှ ထိပ်တန်းနှင့် လူသုံးအများဆုံး အက်ပလီကေးရှင်းများကိုပါ အလွယ်တကူ တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟွာဝေးအနေဖြင့် Google နှင့် အဆင်မပြေမှုများဖြစ်ပြီးနောက် ဟွာဝေး ဖုန်းများတွင် Google ၏ အက်ပလီကေးရှင်းစတိုးဖြစ်သော play store ကို ထည့်သွင်းနိုင်ခြင်းမရှိချိန်တွင် ဟွာဝေးကိုယ်ပိုင် အက်ပလီကေးရှင်းစတိုးသစ် အဖြစ် App Gallery ကို တည်ထောင်ခဲ့ကာ လက်ရှိအချိန်တွင် App Gallery သည်လည်း စဉ်ဆက်မပြတ် တိုးတက်နေသော အက်ပလီကေးရှင်းစတိုးတစ်ခု ဖြစ်လာပြီး လစဉ် သုံးစွဲသူပေါင်း သန်း ၄၂၀ ခန့် ရှိနေသလို အပတ်စဉ် အက်ပလီ ကေးရှင်းအသစ် ရာပေါင်းများစွာ ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။

ယခု စတင်မိတ်ဆက်လိုက်သော Petal Search Widget – Find Apps ဝန်ဆောင်မှုကိုလည်း ဟွာဝေး၏ App Gallery နှင့် ချိတ်ဆက်ထားကာ စဉ်ဆက် မပြတ် တိုးတက်လာစေရန် အဆင့်မြှင့်တင်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်၍ ဟွာဝေးဖုန်းများကို အသုံးပြုနေသူများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သူရဖြိုး