မောင်တောမြို့နယ်၌ တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံး

မောင်တော    ၁၁   ဇူလိုင်   

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာတွင် ဇူလိုင် ၁၁ ရက်နေ့ က တောဆင်ရိုင်းနင်းခံရ၍ လူတစ်ဦး သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဒုချီးယားတန်း ကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာနေ ဦးကျော်မြ(ဘ)ထွီးရှင်မောင် ၊ အသက်(၅၇) နှစ်သည်  ဇူလိုင် ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်ခန့်က လယ်ထွန်ရန် လယ်ကွင်းသို့သွားရောက်ခဲ့ရာ နေ့လယ်တွင် နေအိမ်သို့ ပြန်မရောက်သဖြင့် ဇနီးဖြစ်သူက ရွာသူ ၊ ရွာသားများနှင့် လိုက်လံရှာဖွေရာ ဦးကျော်မြအား လယ်ကွင်းတွင် တောဆင်ရိုင်းနင်းခံရ၍ ယာဘက်ဝမ်းဗိုက် ညိုမဲကာ ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိရကြောင်း သိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)