မော်ရင်ညိုကို စပါးနည်းပြအဖြစ်ခန့်အပ်

၂၀ နိုဝင်ဘာ

တော်တန်ဟော့စပါး ဘောလုံးကလပ်အသင်းရဲ့ နည်းပြအဖြစ် ဂျိုဆေးမော်ရင်ညိုကို ဒီကနေ့ ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုး ချယ်ဆီးအသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့ နည်းပြဟောင်း မော်ရင်ညိုကို စပါးအသင်းရဲ့ နည်းပြအဖြစ် ၂၀၂၂/၂၃ ခုနှစ် ဘောလုံးရာသီအကုန်အထိ ခန့်အပ်ကြောင်း သိရပါတယ်။

စပါးနည်းပြဟောင်း ပိုချီတီနို ဟာ ၂၀၁၄ ခုနှစ်ကတည်း စပါးအသင်းကို ရောက်ရှိလာပြီး ချန်ပီယံလိဒ်ဖလားရရှိအောင် မဆောင်ရွက်နိုင်ခဲ့အတွက် နည်းပြရာထူးမှ ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

ဂျိုဆေးမော်ရင်ညိုကလည်း စပါးအသင်းနဲ့ လက်တွဲရတဲ့အတွက် စိတ်လှုပ်ရှားနေကြောင်း ပြောဆိုပြီး စပါးအသင်းဥက္ကဌ ဒန်နီရယ် လက်ဘီက ဂျိုဆေးဟာ အောင်မြင်တဲ့နည်းပြတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်။ သူက စပါးရဲ့အသင်းအတွက် စွမ်းအားတွေကို ယူဆောင်လာမယ့်သူလို့ ပြောကြားပါတယ်။

MDN

ကိုးကား -AFP