မြေမလှကျေးရွာသို့ သောက်သုံးရေများ လှူဒါန်း

ရေစကြို  ၁၀  ဇူလိုင်

 

ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့မှ ​မြေမလှကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီခွဲက သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၀၀၊ အိမ်ထောင်စု ၁၂၀၊ လူဦးရေ ၅၀၀ ဦးခန့်အတွက် သောက်သုံးရေဂါလန် ၁၈၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အလားတူ မင်းကန်ကျေးရွာအုပ်စု တောင်စင်ကျေးရွာ အောင်ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတွင် သောက်သုံးရေဂါလန် ၁၈၀၀ အား ဖြည့်ဆည်းလှူဒါန်းခဲ့ကြောင်း သိရသည်။

 

နွယ်နွယ်​အောင်(ပြန်/ဆက်)