မိုးကောင်း၌ လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ၏ လည်ပင်းအားဓားဖြင့် လှီးဖြတ်မှုဖြစ်ပွား

မိုးကောင်း  ၁၁   ဇူလိုင် 

 

ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယနေ့ နံနက်ပိုင်းက လင်မယားချင်းစကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ၏လည်ပင်းအား ဓားဖြင့်လှီးဖြတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် ညနေပိုင်းက မိုးကောင်းမြို့၊ အရှေ့ရပ်ကွက်နေ ကျော်နိုင်ဦး(၃၇ နှစ်)သည် နေအိမ်မှ သံသေတ္တာအား ရောင်းစားခဲ့သဖြင့် ဇနီးဖြစ်သူ မဆိုင်းဂျာ(၃၃ နှစ်)နှင့် စကားများရန်ဖြစ်ခဲ့သည်ကို မကျေနပ်၍ ယနေ့နံနက် ၈ နာရီခွဲခန့်က ဇနီးဖြစ်သူ ထမင်းချက်နေစဉ် အရိုးအသွား ၁၁ လက်မခန့်ရှိ မီးဖိုချောင်သုံးဟင်းလှီးဓားဖြင့် လည်းပင်းအားလှီးဖြတ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

 

မဆိုင်းဂျာမှာ လည်ပင်းပြတ်ရှဒဏ်ရာရရှိကာ မိုးကောင်းမြိုနယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ထွက်ပြေးတိမ်ရှောင်နေသူ ကျော်နိုင်ဦးအား မိုးကောင်းမြို့၏တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ လယ်တောထဲတွင် ပုန်းအောင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်နိုင်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)