မိုးမိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မိုးမိတ်    အောက်တိုဘာ ၂၄

 

မိုးမိတ်ခရိုင် မိုးမတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့်ဝန်ထမ်းများက ကိုင်ဆောင်လက်မှတ်မရှိသေးသော ဒေသခံတိုင်းရင်းသား ပြည်သူများအား ဥပဒေအရကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုးရရှိစေရေးအတွက်  အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းက မန်ပတ်ကျေးရွာ ဘုန်းကြီးကျောင်းဇရပ်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံးသူများအား အသစ်ပြန်လုပ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။

 

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ကို မေ ၃ ရက်စတင်ကာ  ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာ များစိုက်ထူခြင်း စသည့်ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးရုံးမှ သိရသည်။

မိုးမိတ်သား (ခရိုင်ပြန်/ဆက်)