မိုင်းဆတ်မြို့၏ အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာတွင် အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ရှား

နေပြည်တော် ၂၁ နိုဝင်ဘာ

ယနေ့ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၃၁)မိနစ်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်တောင်ဘက်(၄၇)မိုင် ခန့်ကွာဝေးသော မိုင်းဆတ်မြို့၏ အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၀.၆၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၂၉) ဒီဂရီ တွင် ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ ငလျင်သည် အနက်(၁၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

MDN