မိုင်လီ ဆိုင်းရပ်စ် နဲ့ လီယမ် ဟမ်းစ်ဝက်သ် တို့ လမ်းခွဲလိုက်ကြပြီ

၁၃ သြဂုတ်

ပေါ့အဆိုတော် မိုင်လီဆိုင်းရပ်စ် နဲ့  သရုပ်ဆောင် လီယမ် ဟမ်းစ်ဝက်သ် တို့ရဲ့ တစ်နှစ်နီးပါးသက်တမ်းရှိတဲ့ လက်ထပ်ခြင်းကို ရပ်ဆိုင်းဖို့ နှစ်ဦးသဘောတူလိုက်ပြီလို့ people မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။ 

 

mdn

 

မိုင်လီ နဲ့ လီယမ်တို့က သူတို့ရဲ့ အလုပ်တွေကို စူးစူးစိုက်စိုက်လုပ်ဆောင်သွားမယ်။ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုရှိတဲ့ အချိန်တွေကို ရပ်ဆိုင်းလိုက်မယ်။ ဒါပေမယ့် သူတို့နှစ်ဦးမွေးထားတဲ့ တိရိစ္ဆာန်တွေကိုတော့ နှစ်ဦးလုံးက စောင့်ရှောက်သွားမယ်လို့ ရေးသားထားပါသေးတယ်။ 

 

mdn

 

အသက် ၂၆ နှစ်အရွယ် မိုင်လီနဲ့ အသက် ၂၉ အရွယ် လီယမ်တို့က ၂၀ဝ၉ ခုနှစ်က ရိုက်ကူးတဲ့ The Last Song ဇာတ်ကားရိုက်ကူးစဉ်မှာ တွေ့ဆုံခဲ့ကြပြီး ၂၀၁၂ ခုနှစ်မှာ စေ့စပ်လိုက်ကြပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်မှာ လမ်းခွဲလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထပ်မံစေ့စပ်လိုက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဆွေးမျိုးသားချင်းများသာ တက်ရောက်တဲ့ မင်္ဂလာအခမ်းအနားနဲ့ လက်ထပ်ခဲ့ကြပါတယ်။ 

MDN
ကိုးကား- AFP