မြိုင်မြို့နယ် အထက(ခွဲ) ထနှောင်းဝင်း၌ အားကစားပစ္စည်းများ ကူညီထောက်ပံ့

မြိုင် ၁၇ ဇန်နဝါရီ  

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ အားကစားဆိုင်ရာ အသိပညာများရရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အားကစားဆိုင်ရာပစ္စည်းများ ကူညီထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည် ၂ နာရီက အထက ခွဲ ထနှောင်းဝင်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

အားကစားပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများကို မြို့နယ်အားကစားမှူး ဦးပြည့်ဖြိုးကျော် အားကစားအသိပညာများ ဟောပြောပေးခဲ့ပြီး အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိ ဆရာ/ဆရာမ များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် အားကစားနည်း လက်တွေ့သရုပ်ပြမှုများကို ဆက်လက်၍ ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ အားကစားပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာအသိပညာများ ဟောပြောခြင်းများ ပြုလုပ်ရခြင်းမှာ အားကစား၏ အဓိပ္ပါယ်၊ အားကစားနည်းပညာ ဗဟုသုတများ သိရှိစေလိုခြင်းဖြစ်ကြောင်း၊ အားကစားသည် သွေးလည်ပတ်အား၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုများကို အထောက်အကူဖြစ်စေကြောင်းနှင့် နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

အေတီအာ(IPRD)